စိတ်ကူးနဲ့တည့်ရာ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
နှုတ်ဆက်နေကျမို့သာ အရင်ဆုံးနှုတ်ဆက်စာကြောင်းလေးအရင်ရေးလိုက်ရတယ်... ဒီနေ့တော့ ဘာရေးမှန်းမသိဘူး 😁 ဘာမှန်းမသိတဲ့ NFTs အကြောင်းရေးရင်ကောင်းမလားဆိုတော့လည်း ဘာမှန်းမှမသိတော့ ဆက်ရေးလည်း အကြောင်းမထူး... ကိုယ်ကစားနေတဲ့ Splinterlands တို့ Rising Star တို့ဆိုတာတွေတောင် အူလယ်လယ်နဲ့ ဖြစ်နေတုံးဆိုတော့ NFT အကြောင်းဘာရေးလို့ရမလဲ... အဲဒီ ဂိမ်းတွေတောင် သူများကစားလို့ လိုက်ကစားနေရတယ် ခုချိန်ထိကို အဖြူအမဲ မသဲကွဲသေးဘူးလေ 😁
ဒါဖြင့်လည်း Crpyto တွေအကြောင်းရေးပေါ့လို့တွေးပြန်တော့ အဲဒီ Crypto တွေအကြောင်းလည်း ကောင်းကောင်းနားမလည်ပြန်ဘူးလေ... ကဲ-အူလယ်လယ်နဲ့ ဘာရေးရမှန်းမသိတော့ဘူး... စာမရေးပို့စ်မတင်ရင်လည်း မနေတတ်မထိုင်တတ် ရင်ထဲမှာ ဟာတာတာ တစ်ခုခုလိုနေသလိုလို ဘာလိုလို ညာလိုလို ဖြစ်နေတာပဲ 😁 အဲဒီတော့ ပို့စ်တစ်ခုကတော့ ဖြစ်အောင်ရေးပြီး တင်ကိုတင်ရမှဖြစ်မယ်...
အရင်နေ့က ဘာရယ်မဟုတ်ပဲ Oneup Blog ကနေ သွားပြီး ပို့စ်တင်ကြည့်တယ်... Vote များများရမလားရယ်လို့ပေါ့လေ... Hive တော့ကောင်းကောင်းမရပေမယ့်လည်း Oneup Toekn တော့ နည်းနည်းပါးပါးရတော့ပေါ့... အဲသလိုပဲ အခြားဆိုက်တွေလည်း ရှိတော့ ဟိုဆိုက်ကတင် ဒီဆိုက်ကတင် လုပ်ကြည့်ရင်တော့ အခြား တိုကင်လေးတွေလည်း ပိုများရမလားမသိဘူး... စမ်းကြည့်ရမှာပဲလေ...
လေထဲကပိုက်ဆံကို ဖမ်းယူဖို့အတွက် လေထဲမှာ လိုက်ဖမ်းနေရတော့ နည်းနည်းတော့ ပင်ပန်းကောင်း ပင်ပန်းကြမှာပဲ... ပင်ပင်ရကျိုးနပ်ရင်တော့ အကောင်းသားဗျ... ခုချိန်မှာတော့ ONEUP တို့ SPT တို့ SPS တို့ DEC တို့ STARBITS ဆိုတာတွေကလည်း Hive ကိုအမှီပြုပြီးသကာလ တဖြည်းဖြည်းနဲ့တော့ ဈေးကောင်းရနိုင်လောက်ပါရဲ့... အဲဒီ တိုကင်တွေ ကိုယ့်ဆီမှာ ဘာမှ သိပ်မရှိပေမယ့် ရှိနေရကြတဲ့သူတွေ ချမ်းသာပါစေ ချမ်းသာကြပါစေ ပေးကမ်းစွန့်ကြဲနိုင်ကြပါစေ 😂
SPT , ONEUP ဘလော့တွေမှာ ကိုယ်မှာသာ SPT Power, ONEUP Power မရှိတာ ပါဝါအတော်များများရှိတဲ့သူတွေလည်း ရှိသဗျ... မည်သို့ပင်ဆိုစေကာမူ Hive Platform ကြီး အောင်မြင်စေကြောင်း ဝိုင်းဝန်းလို့ ဆုတောင်းနေပါတယ်... အောင်မြင်ပါမှလည်း မိတ်ဆွေအပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါး မော်တော်ကားလေးနဲ့ အပန်းဖြေအလည်အပတ် ကမ္ဘာအနှံ့လျှောက်လို့လည်ကြသေးတာပေါ့ဗျာ... ဟုတ်သမို့လား... ကဲ ပို့စ်တစ်ခုစာတော့ဖြစ်သွားပါပြီ...
အားလုံးကို လေးစားလျှက် -
ဪ အဲ့လိုလား အဲ့လိုနဲပဲ အဲဒါ ပြောတာပေါ့ အဲ့သလိုဆိုလည်း ရပါတယ်ဗျာ။
!LOLZ
lolztoken.com
It was a knick knack paddywhack!
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/8)
အေးဆို အဲလိုဒေပါဆို အဲဒါပဲလေ 😁
လေထဲက ပိုက်ဆံဖမ်းရတာဆိုတော့ လွယ်တော့ မလွယ်ဘူး ဖုန်းပွတ် ကွန်ပြူတာကြည့် မျက်လုံးညောင်း တာတော့ ခံနိုင်ရမှာပေါ့။ !LOL
lolztoken.com
Because it was 2-tired
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)
မျက်စိတောင်တော်တော်မွဲနေဘီဆာဟင်ရေ 😀