တိုက်ခိုက်ခြင်းတွေပဲစိတ်ဝင်စားတဲ့သူများအတွက် NFT ဂိမ်း Mir4
လောလောဆယ် အခမဲ့ဆော့ရပြီး NFT ဂိမ်းဖြစ်တဲ့ Mir4 နဲ့မိတ်ဆက်ပေးပါရစေ။ ဒီဂိမ်းကို facebook, google တို့ဖြင့်အကောင့်ဖွင့်နိုင်မှာဖြစ်ပြီး အကောင့် Level 60, power 100k ရောက်အောင်ဆော့ရပါမယ်။ အကောင့် Level 40 မှာ wallet ချိတ်ဆက်လို့ရမှာပါ။ ဒါပေမဲ့အရောင်းအဝယ်ပြုလုပ်လို့မရသေးပါ။ သူအတွက် market ကို November 30 ရက်နေ့မှ စတင်မှာဖြစ်ပြီး market ကတော့ https://mir4draco.com/ သူကနေပေးမည့် token က DRACO ဖြစ်ပြီး ယခုပေါက်ဈေး 1 DRACO = 1.1861 $ ဈေးပေါက်နေပါတယ်။

Mir4 ဂိမ်းကို ကွန်ပျူတာ၊ ဖုန်း စသည်ဖြင့် platform မျိုးစုံဖြင့်ကစားနိုင်ပြီး size အားက 2 Gb ကျော်ပါတယ်။ ကွန်ပျူတာဖြင့်ကစားလျှင် graphic card ကောင်းဖို့နဲ့ RAM အားကောင်းဖို့လိုအပ်ပါလိမ့်မယ်။ ကျွန်တော်ကစားကြည့် ရုပ်ထွက်ကောင်းသလို ဇာတ်ဝင်ခန်းတွေမှာ ကိုယ်တိုင်ပါဝင်ရသလိုမျိုးခံစားရပါတယ်။ နောက်ခံစကားက ကိုးရီယားဖြစ်ပြီး စွဲဆောင်မှုလည်းရှိပါတယ်။

သူ့ရဲ့ ဝက်ဆိုဒ်က https://mir4global.com/ ပါ။ သွားရောက်လေ့လာနိုင်ပါတယ်။ ကစားရတာ Dota ကစားရသလိုမျိုးခံစားမှုပေးပါလိမ့်မယ်။

Wallet က ဘာနဲ့ ချိတ်ဆတ်ရတာလဲ။
သူ့ကိုယ်ပိုင် market နဲ့ပဲလား။
ဟုတ်တယ်ဗျ