ပိုက်ဆံပျက်လို့ hive တွေထုတ်ရောင်း
ဒီလထဲ ပိုက်ဆံပျက်ချက်က 9+ ပဲ ဒါနဲ့ မဖြစ်သာတော့ ရှိတဲ့ hive ထဲက ဒေါ်လာ ၁၅၀၀ ဖိုးထုတ်ရောင်းရပါတော့တယ်။ ကျွန်တော်ရောင်းချိန် 1hive = 1.12 ဈေးရလိုက်တယ်။ binance မှာ အထည့်ပဲရှိပြီး usdt ပြန်ရောင်းဖို့ withdraw ထုတ်တာ တိုင်တွေပတ်နေတယ်။ မထုတ်ဖူးလို့ server network တွေပါလာတယ်။ သုံးခါထုတ်တာ သုံးခါလုံး rejected ဖြစ် binance ချင်းလွှဲတာကိုမရတာ ဒါနဲ့ အခြား wallet address ထပ်တောင်းပြီးပို့မှ အဆင်ပြေသွားတယ်။ ပိုင်ဆိုင်သမျှတစ်ဝတ်ထုတ်ရောင်းလိုက်ခြင်းပါ။
နောက်ထပ်ကျန် usdt လေးတွေကို သူငယ်ချင်းတစ်ယောက် BNB လိုချင်တယ်ပြောလို့ ကျပ် ၇၀၀၀၀ ဖိုး လဲပြီးရောင်းပေးလိုက်တယ်။ hive ကဈေးပြန်ကျတာတွေ့တော့ buy order ပြန်တင်ထားသေးတယ်။ ဒီထဲမှာ စိတ်ဝင်စားစရာ binance မှာတွေ့လို့ 1 AXS ဝယ်လိုက်တယ်။ ဈေးက ယခုပေါက်ဈေး 127 ဒေါ်လာပေါက်နေတယ်။ ဘာလို့ဝယ်လဲဆိုရင် ရက် ၃၀ stake လုပ်ရင် 110.32% ပြန်ပေးမယ်ဆိုပြီးတွေ့လို့ပါ။ အပြေးလေးဝယ်ပြီး လုပ်ထားလိုက်ပါတယ်။
ရက် ၆၀ ကမရတော့လို့ ၃၀ စာပဲလုပ်ထားလိုက်တယ်။
ဒီအတိုင်းထားမဲ့အစား အတိုးလေးဘာလေးရတော့အဆင်ပြေအောင်လို့ပါ ပေးနှုန်းကြီးကလည်း ကြည့်အုံးလေ။ steem ဈေးလည်း ပြန်တက်လာတာတွေ့ရတယ်။ ကျွန်တော်မှာတော့ 260 steem လောက်ပဲကျန်ပါတော့တယ်။ hive တွေကတော့ hive-engine မှာပဲထားထားတယ်။ power up ဖို့မလုပ်ပေးပါဘူး။
ဘောစိပဲ 1500$ ဖိုးတောင်မှ ထုတ်ရောင်းလိုက်တာ
မဘောစိလို့ထုတ်ရောင်းရတာပါဗျာ !PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@nayhlaingsoe(1/20) tipped @callmemaungthan (x1)
Join us in Discord!