Upgrade Stadium and Catering capacity

avatar

img_0.12747509521829023

img_0.6041265423325345

Hello Managers
Today I upgrade Stadium Capacity and Catering Capacity. Both from Level 9 to 10. The current Stadium capacity was 6 000 seats and after upgrade increases the capacity by 4000 seats. Upgrade from Level 9 to 10 was 8 000 000 RBN cost. The current operating costs per match was 8000 RBN and after upgrade there was 4000 RBN increase per match. The upgrade duration time was between 14 and 15 days.

The current Catering capacity was 6000 guests and after upgrade increases the capacity to serve 4,000 additional guests. Upgrade from Level 9 to 10 was 420 000 RBN cost. The current operating costs per match was 4500 RBN and after upgrade there was 3000 RBN increase per match. The upgrade duration time was between 14 and 15 days.

After playing 14 matches, won 5 matches, draw 1 match and lost 8 matches. GF 14, GA 33 and GD -19. Team got 16 points and standing No 12 at ranking table.

Good luck managers
See you next post

img_0.4802648548143971

မင်္ဂလာပါ မန်နေဂျာတို့ရေ

ဒီနေ့မှာတော့ Stadium capacity နဲ့ Catering capacity တို့ကို upgrade လုပ် ဖြစ်ပါတယ်။ နှစ်ခုလုံး Level 9 ကနေ 10 ကို upgrade လုပ်ခြင်း ဖြစ်ပါတယ်။ ခုလို လက်ရှိမှာ upgrade တွေ တောက်လျောက် လုပ်နိုင်တော့ အစောပိုင်း Rabona စကစားတဲ့ ကာလတွေ သွားသတိရမိသား။ စကစားစတုန်းက လုပ်ရတဲ့ Task တွေ ရှိတယ် မလား။ Upgrade လုပ်ခိုင်းတာတွေလေ။ လုပ်ကောင်းကောင်းနဲ့ ဇွတ်လုပ် ပစ်တာ။

ပြီး အဲ့တုန်းက ကစားသမား ဆိုလည်း ရှယ်တွေပဲ ခေါ်တာ။ အဲ့တုန်းက ပေးရတဲ့ လစာက ခုလောက်တော့ မများသေးဘူးရယ်။ OS များလေ လစာကလည်း များလေကိုး။ OS များတဲ့ကစားသမားတွေ ရှိမှလည်း အသင်း အတွက် အဆင်ပြေ မှာကိုး။ အဲ့တုန်းကများ တပတ် တပတ် ရှင်းလိုက်ရတဲ့ ကစားသမား လစာတွေ။ RBN တွေ ကုန်သလို အသင်းကလည်း အတော်လေး ပေါက်ပေါက်ရောက်ရောက် ရှိခဲ့ပါတယ်။ RBN တွေ မလောက်လို့ အပြင်ကနေ Hive ထပ်ဖြည့်ပြီး RBN ချိန်းယူရသေးတယ်။

သိကြတဲ့အတိုင်း နောက်ပိုင်း Rabona လည်း သိပ် ဝင်မဆော့ ဖြစ်တော့ ပစ်ထားလိုက်ရော။ အသင်းလည်း ကစားသမားတွေ မရှိတော့ဘူး ပြီး League 3 ထိ ဆင်းပေးလိုက်ရရော။ အဲ RBN တွေကတော့ အရင်ကထက်စာရင် များလာခဲ့တယ်။ Stadium facilities တွေ upgrade လုပ်ထားခဲ့တဲ့ အကျိုး ကျေးဇူးပေါ့။ အဲ့ကြောင့်လည်း ခု ပြန်ဆော့တော့ RBN လောက်မလောက်ကို ကြည့်နေစရာ မလိုဘဲ upgrade တွေ လုပ်နိုင်ခဲ့တာပေါ့။ အချိန် စောင့်နေရလို့သာ နို့မို့ဆို ဒီက ရရင် ရသလို upgrade လုပ်ချင်သား။

ခုလည်း ရတာနဲ့ upgrade လုပ်နေတာပါပဲ။ လက်ရှိ ၁၄ ပွဲကစား အပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ၈ ပွဲရှုံးထားပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ ရာသီကုန်အထိ အဆင့် ၁၂ ပဲဆိုရင်တော့ League 2 မှာ ဆက်လက် ကျန်ရှိနေမှာပဲ ဖြစ်ပါတယ်။ league 1 မတက်ရရင်တောင် 3 တော့ ပြန်မဆင်းရတော့ဘူးပေါ့လေ။

အားလုံး ကံကောင်းကြပါစေ။
နောက်ပိုစ့်တွေမှာ တွေ့ကြတာပေါ့။



0
0
0.000
3 comments
avatar




This post has been added to the Rabona Curation Program!

We are curating Rabona-related content, as well as good quality football-related posts on Hive.

Learn more about the Rabona Curation Program


* * *


Manage your soccer club
Scout, train, and trade players
Build and expand your stadium
Become the champion

Rabona.io

0
0
0.000