ကုန် တဲ့ စျေး နှုန်း ကုန်စျေးနှုန်း

avatar
(Edited)

Hive myanmar အဖွဲ့သားများ အားလုံး မင်္ဂလာပါခင်ဗျာ။ အဖွဲ့သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ။

ရေးစရာရယ်လို့လည်း အထွေအထူး မရှိတာမို့ ဘာရေးရမယ်မှန်းမသိတော့ပါဘူး။ ပုံမှန်ဆို စာရေးချင်စိတ်တွေက အမြဲ ပြည့်နေပေမယ့်လည်း ဒီနောက်ပိုင်းမှာ စာရေးချင်စိတ်ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်လို တစ်ရက် ၂ ပို့စ် မတင်နိုင်ခဲ့ပဲ တစ်ပတ် ၂ ပို့စ် ၃ပိုစ့် နဲ့သာ ​ကျေနပ်နေခဲ့ရပါတယ်။

နောက်ပိုင်းမှာ splinterlands game post တွေကလည်း အရင်လို vote မမြိုင်ဆိုင်နေတာလည်း ပါမယ်ထင်ပါတယ်။ စည်းကမ်း အသစ်တွေထွက်လာပြီးနောက် game post တောင် နပ်မမှန်တော့ပါဘူး။ ဘယ်လိုဖြစ်ဖြစ် post တင်ပြီး hive ရနေဖို့ ကအရေးကြီးတာမို့ ပုံမှန် ကြိုးစားနေဖို့ကလည်း ကိုယ်တာ၀န်တစ်ခုလိုဖြစ်နေပါပြီ။


တက်နိုင်သမျှ game post ကော မြန်မာ community မှာပါ post တွေ ပုံမှန်တင်နိုင်ဖို့တော့ အတော်လေး moti ပြန်ယူရမှာ။ Hive စျေးလေး 1.5$ 2$ လောက်ရောက်လာရင်တော့ အတော်ကို moti ဖြစ်နေမိမှာ အမှန်ပါပဲ။ ဒီကြားထဲ 0.2 စွန်းစွန်းလေးမှာ ဝဲလည်နေခဲ့ချိန်တွေဟာ တကယ့်ကို စာရေးချင်စိတ်တွေ ပျောက်ဆုံးနေခဲ့တာပါ။ အခုတော့ 0.4$ ၀န်းကျင်ပြန်ရောက်လာပြီမို့ ခေါင်းထဲ ရှိသမျှ ညှစ်ချပြီး ရေးရတော့မှာပဲ ဖြစ်ပါတယ်။

အရင်ကအတော်လေး ဟော့ ဖြစ်ခဲ့တဲ့ asean hive community မှာလည်း မြန်မာတွေရဲ့ post တွေ မတွေ့မိသလောက်ဖြစ်နေပြီမို့ နောက်ပိုင်းတော့ အနည်းငယ် လေး အားဖြည့်နိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။ မြန်မာ community အပြင် အခြား ပြင်ပ community တွေမှာလည်း hive ရှာဖွေရဦးမယ်လေ။ ဒါမှသာ ကိုယ့်မှာ hive power များလာတဲ့အခါ မြန်မာအချင်းချင်း ပိုပြီး vote power များများနဲ့ လက်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ပြောမယ့်သာ ပြောရတာပါ။ ဒီကြားထဲ အခြေအနေတချို့ကြောင့် 0.25$ ၀န်းကျင် စျေးနဲ့ပဲ hive 300 ကျော်ခဲ့ ရောင်းစားခဲ့ရပါသေးတယ်။ အခြေအနေ ကြောင့်ဆိုတော့လည်း နှမြောပေမယ့် ရောင်းခဲ့ရတာပါပဲ။အကယ်၍သာ Hive စျေး 3$ ဖြစ်ခဲ့ရင်ဖြင့် ရင်ကျိုးရမယ့် ပုံပါပဲ။

လွမ်းရေးထက် ၀မ်းရေးခက်တော့လည်း လွမ်းမနေတော့ပဲ ရောင်းစားခဲ့ရတာပါပဲ။ ဒီခေတ် ကုန်စျေးနှုန်းကလည်း မသက်သာပဲကိုး။မသက်သာဆို အရင်က ခေါက်ဆွဲခြောက် တစ်ထုတ် ၂၀၀ တန်တောင် ၄၀၀ ၄၅၀ ခေတ်ဖြစ်နေပြီ။ ပြီးခဲ့တဲ့ရက်က ညဘက် ဗိုက်ဆာလို့ ခေါက်ဆွဲကြော်လေး ၀ယ်စားပါတယ်ဗျာ တပွဲ ၃၅၀၀ တဲ့။ ဒါတောင် ညဘက် ဖွင့်တဲ့ လမ်းဘေးဆိုင်လေးပါ။

စားလို့ကောင်းခဲ့ပေမယ့် စားပြီးရှင်းမှ စျေးနှုန်းကြားပြီး လန့်ခဲ့ရသေးတယ်ဗျာ။

@callmemaungthan



0
0
0.000
14 comments
avatar

ကုန်စျေးနှုန်း အားလုံး နှစ်ဆကျော်ကျော်လောက် တက်သွားပြီဆိုပြီး အစ်ကိုဟင်နရီ Post တစ်ခုမှာတောင် မန့်ပေးခဲ့တာ သိပ်မကြာသေးဘူး...သေချာတယ် အကုန် နှစ်ဆ တက်သွားပြီ...!LUV !LOLZ !PIZZA

0
0
0.000
avatar

ခေါက်ဆွဲကြော် စားကောင်းမဲ့ပုံပဲ။ !PIZZA

0
0
0.000
avatar

မလေးမှာဆို မလေးခေါက်ဆွဲကြော် အစစ် စားရမှာပေါ့နော် အကို

0
0
0.000
avatar

ကုန်ဈေးနှုန်း ပါတာ ကုန်တာပါပဲလေ။
!LOLZ

0
0
0.000
avatar

အဟုတ်ပါပဲ ဦးထွေးခင်ဗျာ !LUV !LOLZ !MEME

0
0
0.000