သဘာဝဘေး ကာကွယ်ဖို့

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

မိုခါ မုန်တိုင်းပြီးသွားတာနဲ့ နေ့အပူချိန်တွေ ညအပူချိန်တွေ တဖြည်းဖြည်းပြန်လည် မြင့်တက်လို့လာနေပြန်ပါပြီ။ အပူချိန်က လူတွေရဲ့ ဉာဏ်အား ခွန်အားတွေကို ဆုတ်ယုတ်စေတယ်ထင်ပါတယ်။ သုတေသနစာတမ်းတွေတော့ ရှိချင်ရှိနိုင်ပေမယ့် မဖတ်ဖူးပါဘူး။ အပူချိန်မြင့်လာတာနဲ့အတူ စာရေးဖို့လည်း အတော်အာရုံစိုက်နေရပြန်တာပဲ။ အခြားအလုပ်တွေမှာလည်းအတူတူပါပဲ။ ပူတယ်ဟေ့လို့အော်နေလို့ အပူသက်သာသွားမှာမဟုတ်ပေမယ့် အော်နေမိတာပဲ။



စာရေးဖို့အာရုံစိုက်မရလည်း ရအောင်ရေးနေမိတယ်။ လိုချင်တဲ့ပါဝါကလည်းတော်တော်နဲ့မရောက်နိုင်ဘူး။ ပါဝါများများရဖို့ကလည်း မြန်မာလိုအရေးအသားနဲ့ကလည်း မလွယ်ကူတာသိနေပေမယ့်လည်း မတတ်နိုင်ပါ။ မြန်မာစာနဲ့ပဲ သံယောဇဉ်မကုန်တဲ့ အဖွဲ့လေးရယ်နဲ့ ခရီးဆက်နေရအုံးမှာပါပဲ။ အချိန်တွေကို စောင့်လာခဲ့ရတဲ့နှစ်တွေကလည်း မနည်းတော့ဘူးပဲ။ စတီးမစ်တုံးကအချိန်တွေ ပြန်တမ်းတနေမိတယ်။ အတိတ်ကတော့ အတိတ်မှာပဲကျန်ခဲ့တာပဲ။

အပူဒဏ်သာမက အခြားသဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တာကလည်း သဘာဝပတ်ဝန်းကျင်ပဲဖြစ်လေတော့ သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းရမှာပါ။ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမယ့်အရာတွေကို တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။ သစ်ပင်တွေကိုလည်း တတ်နိုင်သလောက် စိုက်ပျိုးကြမယ်ဆိုရင် သဘာဝ‌ဘေး အန္တရာယ်တွေကို သဘာဝပတ်ဝန်းကျင်ကပဲ ပြန်လည်ဖြေရှင်းပေးနိုင်လိမ့်မယ်ထင်ပါတယ်။

အခုလည်း အပူဒဏ်တွေခံနေကြရသလို ရေကြီး ရေလွှမ်းမိုးတဲ့ဒဏ်တွေ မိုးသည်းထန်တာတွေ ငလျင်လှုပ်လို့ ပျက်စီးနေတာတွေကို ဆက်တိုက်လိုလို ကြားနေရတာပါပဲ။ ကမ္ဘာကြီးရဲ့ နေရာအတော်များများမှာကိုက သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတဲ့သဘောပဲလို့ ယူဆရမှာပဲ။ ဒီတော့လောလောဆယ်မှာတော့ လုပ်‌နိုင်တာက သစ်ပင်စိုက်တာပဲဖြစ်လို့ သစ်တော သစ်ပင်ချစ်ခင်ရင် သစ်ပင် 🌲 စိုက်ကြပါစို့လို့ပြောလိုပါတယ်။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
13 comments