ကမ္ဘာမြေကြီးရဲ့ ဒေါသ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
နေရာတိုင်းမှာ လူတိုင်း လူတိုင်းအတွက် ကုသိုလ်ကောင်းမှု ဆိုတာရှိနေသလို မကောင်းမှု အကုသိုလ် ဆိုတာကလည်း ရှိနေစမြဲပါ။ ဘာဖြစ်လို့ ကောင်းမှု နဲ့ မကောင်းမှုက အတူရှိနေသလဲဆိုတော့ အဲဒါတွေကို ဖြစ်စေတာက ကိုယ့်ရဲ့စိတ်ပဲဖြစ်လို့ပါပဲ။ ကောင်းမှုဖြစ်အောင်လုပ်တာလည်း ကိုယ့်စိတ်ကဖြစ်သလို မကောင်းမှုအကုသိုလ်ဖြစ်စေတာကလည်း ကိုယ့်စိတ်ပါပဲ။ ကိုယ့်စိတ်ကြောင့်ပဲ ကုသိုလ်ဖြစ်လာရသလို ကိုယ့်စိတ်ကြောင့်ပဲ အကုသိုလ်ဖြစ်သွားရတာဆိုတော့ ကုသိုလ် အဖြစ်ခံမလား အကုသိုလ်အဖြစ်ခံမလားဆိုတာကတော့ ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ကြရမှာပဲဖြစ်ပါတယ်။
အခုခေတ်ကာလကြီးမှာ အသက်ရှင်သန်နေကြရတဲ့လူတိုင်း အခက်အခဲမျိုးစုံကို ကြုံတွေ့နေကြရပါတယ်။ အဓိကကျတဲ့ လူသားတွေကိုယ်တိုင်က စောင့်ထိမ်းလိုက်နာရမယ့် ကျင့်ဝတ်တွေ စည်းကမ်းတွေ အကျင့်သီလတွေကို ချိုးဖောက် ပျက်စီးနေကြလို့ပဲဖြစ်ပါတယ်။ ဘာသာတရားရဲ့ အဆုံးအမတွေကိုလည်း အလေးမထား မလေးစားကြတော့ ပိုဆိုးလို့နေပါတယ်။ ဘာသာတရားအဆုံးအမအောက်က လွတ်ကင်းသွားရင် ကမ္ဘာကြီးပျက်စီးသွားတော့မှာပါ။ ကမ္ဘာကြီးရဲ့ ဒေါသကြောင့် လူအများအပြားသေဆုံးကုန်ကြရသလို အများအပြားဒုက္ခရောက်နေကြရပါတယ်။ တူရကီ(Turkey) နဲ့ ဆီးရီးယား(Syria)တို့မှာ လှုတ်ခတ်သွားတဲ့ အင်းအားပြင်း ငလျင်ကြောင့် ဆုံးရှုံးသွားတဲ့ အရာအားလုံးအတွက် ဝမ်းနည်းမိပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ဘာများတတ်နိုင်ပါ့မလဲ။ အကြိမ်ရေများစွာ ငလျင်လှုူပ်နေတာကို အရင်ကမကြားဖူးခဲ့သလို အလွန် အင်အားပြင်းတဲ့ ငလျင် ဆက်တိုက်လှုပ်ခြင်းကိုလည်း မကြားဖူးခဲ့ပါ။ ဒီငလျင်ကြောင့် San Andrea ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သတိရလိုက်မိပါသေးတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၆/၇)ရက်နေ့ မြန်မာစံတော်ချိန် မနက် (အချိန်ကတော့ အတိအကျမသိပါ) တူရကီ(Turkey) နဲ့ ဆီးရီးယား(Syria)တို့မှာ ပြင်းထန်လွန်းတဲ့ ငလျင်ကြီးတွေ ဆက်တိုက်လှုပ်ရှားခဲ့တာ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေ ကြားသိကြပြီး ဖြစ်ပါတယ်။ ဒီလို ငလျင် က နောက််ထပ်အကြိမ်ပေါင်းမြောက်မြားစွာ လှုပ်ခတ်နေတာကိုတော့ လူတိုင်းသိချင်မှ သိကြပါလိမ့်မယ်။ အင်မတန်ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တစ်ခုလို့ပဲ ပြောရမှပါ။ သေဆုံးခဲ့ကြရတဲ့ လူပေါင်း ၅၀၀၀ လောက် ဒါမှမဟုတ် အဲဒီထက် ပိုမိုများပြားနိုင်ပါတယ်။ လူသားတွေပဲဖြစ်လို့ အင်မတန် ဝမ်းနည်းမိပါတယ်။ အကုသိုလ် ဝဋ်ကြွေးတွေ အကျိုးပေးချိန်တန်ရင် ဘာနဲ့မှတားမရပါဘူး။ ဘယ်နေရာမှာမှ ပုန်းကွယ်နေလို့ မရပါဘူး။ ကျွန်တော်တို့လည်း ဘယ်နေ့ ဘယ်အချိန် ကြုံရမလဲဆိုတာကို မသိနိုင်ဘူး။ ကျွန်တော်တို့လည်း အမြဲလိုလို အကုသိုလ်တွေနဲ့ နပန်းလုံးနေကြရတာပဲမဟုတ်လား။
(All Screen Shot Image from Youtube videos)
မကြာလှတဲ့ အချိန်တစ်ခုအတွင်းမှာ များပြားလှတဲ့ လူ့အသက်တွေကိုဖျက်ဆီးပစ်လိုက်တာ သဘာဝတရားကြီးက ဘာတွေကိုမကျေမနပ်ဖြစ်နေလို့လဲဆိုတာတော့ မသိနိုင်ပါ။ အိပ်စက်အနားယူနေသူတွေဆိုရင် ဘဝကူးပြောင်းသွားတာကိုတောင် သိလိုက်ကြပါ့မလားမသိဘူး။ နေ့စဉ်နဲ့အမျှ ကိုယ်ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သေဆုံးသွားမလဲဆိုတာ မသိနိုင်တော့ အသက်ရှင်သန်နေထိုင်ရတဲ့အချိန်မှာ ကောင်းမှုလေးတွေ ကုသိုလ်လေးတွေ တတ်နိုင်သမျှပြုလုပ်ထားသင့်ပါတယ်။ သေဆုံးသွားကြတဲ့သူတွေအတွက်တော့ သူတို့တွေလည်း ဘာမှလုပ်ကိုင်ပေးနိုင်တော့မှာမဟုတ်တော့ပါဘူး။ ထိုသူတို့ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကသာ သူတို့ကို ကယ်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။
ပျက်စီးသွားမှုတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အသစ်တဖန်ပြန်ပြီး တည်ဆောက်နိုင်မှာဖြစ်ပေမယ့် သေဆုံးသွားသူတွေကတော့ ဒီနေရာမှာ ပြန်ပြီးအသစ်တဖန်ဖြစ်တည်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ အလွန်ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ အဖြစ်အပျက်ဖြစ်ပေမယ့် ကျွန်တော်တို့တစ်တွေကရော သူတို့အတွက် ဘာများလုပ်ပေးနိုင်ကြအုံးမလဲ။ သေဆုံးသွားသူတွေကို ဘယ်လိုအကူအညီပေးနိုင်ကြပါအုံးမလဲဆိုတာ သတိပြုဆင်ခြင်မိပါတယ်။ အသက်ရှင်သန်နေထိုင်စဉ်ကာလမှာ အကောင်းဆုံးမဟုတ်တောင်မှ ကောင်းကောင်းမွန်မွန်နေထိုင်သွားကြရင် လူ့ဘောင်လောကကြီး ငြိမ်းချမ်းသာယာသွားနိုင်ပါတယ်။ လူသားအားလုံးရဲ့ လောဘ ဒေါသ မာန်မာနတွေ နည်းပါးနိုင်ကြပါစေ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -
အံ့ဩဘနန်းစိတ်မကောင်းစရာပဲ
!PIZZA
လုံးဝစိတ်မကောင်းပေမယ့် ဘာများတတ်နိုင်အုံးမှာလဲ !LOLZ !PIZZA
lolztoken.com
He wanted to see if time flys while having fun.
Credit: reddit
@golden.future, I sent you an $LOLZ on behalf of @ansoe
Thanks for supporting The LOLZ Project. We !LUV our users!
(1/6)
@ansoe, @lolzbot(4/4) sent you LUV. | tools | discord | community | HiveWiki |
NFT | <>< daily
I gifted $PIZZA slices here:
golden.future tipped ansoe (x1)
@ansoe(2/5) tipped @golden.future (x1)
Please vote for pizza.witness!
!hiqvote
@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @ansoe gets !WEED from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
!hivebits
Success! You mined 1.0 HBIT on Wusang: Isle of Blaq. Sorry, but you didn't find a bonus treasure token today. Try again tomorrow...they're out there! | tools | wallet | discord | community | daily <><
Check for bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.
Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.
@ansoe!
@hiq.smartbot passed you the virtual joint!If you do not want to receive these comments, please reply with !STOP
စိတ်မကောင်းစရာပါပဲလေ...!ငလျင် အတော်ကြမ်းသွားတယ်...!PGM !LUV
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
@ansoe, @uthantzin(7/10) sent you LUV. | tools | discord | community | HiveWiki |
NFT | <>< daily